နွေးထွေးကြင်နာ

歌手: Lin Latt • 专辑:နွေးထွေးကြင်နာ • 发布时间:2024-12-21
作词 : Lin Latt
作曲 : Lin Latt
ချမ်းအေးတဲ့ဆောင်းညနေလေး နွေးထွေးတဲ့သူလက်ဆုပ်ကိုင်ရင်း အရာအားလုံးထက် ပြည့်စုံစေခဲ့
ဖြူစင်သောသူအချစ်တွေနဲ့ ဘာနဲ့မှ လဲ မရဘူ
မြူနှင်းများတဖြည်းဖြည်းကျလေပီ နွေးထွေးတဲ့ တို့ ရဲ့ညနေလေး အရာအားလုံးထက် လှနေလေရဲ့ ကြင်နာသောသူအချစ်တွေ နဲ့ ဘာနဲ့မှ လဲ မရဘူး

သူရဲ့ အပြုံးဟာသိပ်လှတယ် ဟန်ဆောင်မှုကင်းတယ်
နွေးထွေးမှု ဂရုစိုက်မှု ကြင်နာတက်သေးတယ်
တောင်ပေါ်မြို့လေးညနေခင်းနေ၀င်ချိန်‌လေးရယ် 
ပေါင်းစုတဲ့ အချစ်ညနေလေး
တကယ်ကို ပြည့်စုံတယ် တကယ်ကို ပြည့်စုံနေလေရဲ့ 
မှောင်ရီဝေတဲ့ ညရဲ့အစ နတ္ခတ် စုံလေတယ်
ကြယ်တာရာအတူ ထိုင်ကြည့်မယ်
ကြယ်တွေ ကို အတူရေတွက်နေမယ် 
 မြူနှင်းများတဖြည်းဖြည်းကျလေပီ
နွေးထွေးတဲ့ တို့ ရဲ့ ညနေလေး
အရာအားလုံးထက် လှနေလေရဲ့ 
ကြင်နာသောသူအချစ်တွေနဲ့
ဘာနဲ့မှလဲမရဘူး

နွေးထွေးကြည်နူးခြင်းသာယာမှုများရယ်
တယုတယ အိုထွေးပွေ့ ကြင်နာမှုများရယ် 

နွေးထွေးကြည်နူးခြင်းသာယာမှုများရယ်
တယုတယ အိုထွေးပွေ့ ကြင်နာမှုများရယ် 

နွေးထွေးကြည်နူးခြင်းသာယာမှုများရယ်
တယုတယ အိုထွေးပွေ့ ကြင်နာမှုများရယ်
📥 下载LRC歌词 📄 下载TXT歌词

支持卡拉OK同步显示,可用记事本编辑